ပထမအချီမှာတင် အောင်လ နိုင်ပွဲရ - BBC News မြန်မာ
သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံက ယူရှင် အိုကာမီတို့ရဲ့ စင်္ကာပူမှာကျင်းပတဲ့ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာ အောင်လက ပထမအချီ ၁ မိနစ် ၄၂ စက္ကန့်မှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့ပါတယ်။
ပွဲစစချင်းမှာပဲ အိုကာမီက အောင်လကို လှဲချပြီး ချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ်မှာလည်း အလားတူကြိုးစားရာမှာ မအောင်မြင်ဘဲ ကြမ်းပြင်ပေါ် ပက်လက်အနေအထားနဲ့ ခုခံရာမှာ အိုကာမီဟာ အောင်လရဲ့ ဒူးတိုက်ချက်အပြင် ဆက်တိုက်လက်သီးလုံးတွေကို အလူးအလဲခံရပြီးနောက် နောက်ဆုံးမှာ ဒိုင်ပွဲရပ်နဲ့ အောင်လက အနိုင်ရသွားပါတယ်။